လောက်ကိုင်မြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ နယ်လှည့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြုလုပ်ဆောင်ရွက်

လောက်ကိုင်  ဩဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ ခန်းမဆောင်၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ညိုညိုဝင်းက ကလေးအလုပ်သမားအကြောင်းသိကောင်းစရာခေါင်းစဥ်ဖြင့်လည်ကောင်း၊ ဒုတိယ ဦးစီးမှူးဒေါ်ရွှေစင်ဖြိုးက မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်းကိုလည်ကောင်း အသိပညာ ပေးဟောပြောခဲ့ကြပြီး သင်တန်းကျောင်းသားများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာ စောင်နှင့် စာအုပ်များကို ခင်းကျင်းပြသရာ သင်တန်းကျောင်းသားများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။

ချန်ထွန်းအောင်