ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား ကွင်းဆင်းထောက်ပံ့

ပန်းတနော် ၊ ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှမိသားစုဝင်များအား အိမ်တိုင်ရာ ရောက်ကွင်းဆင်းထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် သြဂုတ်လ ၁၉ ရက်နေ့က ဧရာဝတီမြစ်ရေမြှင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော တောကျောင်းကျးရွာအုပ်စု၊ ကျောင်းတော်ကလေး ကျေးရွာနှင့် နံကပ်ရိုးကျေးရွာတို့တွင်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၄)လုံး၊ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၅)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ(၇)ရက် စာဖိုးရန်ပုံငွေ (၁၃၆၅၀၀/-)ကျပ်၊ အိမ်ထောင်စု ပစ္စည်းဖိုးရန်ပုံငွေ (၁၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၅၃၆၅၀၀/-) ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ အလားတူ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင်ကျေးရွာတွင် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂)လုံးအား ဆက်လက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းထောက်ပံ့ရာသို့ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးဦးဟန်လင်းထွဋ်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက် ကွင်းဆင်း ထောက်ပံ့ ပေးအပ်ခဲ့‌ကြကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)