ညောင်ဦး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဗျတ္တပန်းဆက်လမ်းတစ်လျှောက် ကားလမ်းဘေးကျေးရွာတစ်ချို့မှ ခရီးသွားကားများထံမှတောင်းရမ်းမှုပပျောက်ရေး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကွင်းဆင်းပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဗျတ္တပန်းဆက်လမ်း တစ်လျှောက်ပြုလုပ်ခဲ့ကြသည်။
ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာနှင့် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာ ပုပ္ပားတောင်ကလပ် ဆက်သွယ်ဖောက်လုပ်ထားသော ဗျတ္တပန်းဆက်လမ်းတစ်လျှောက် လမ်းဘေးကျေးရွာများ ပုပ္ပားတောင်ကလပ်ဘုရားဖူးခရီးသွားကားများထံမှ တောင်းရမ်းမှုများကြောင့် ခရီးသွားကားများ အနှောင့်အယှက်ဖြစ်စေကာ ယာဉ်အန္တရာယ် ဖြစ်ပေါ်စေနိုင်ခြင်းနှင့် လမ်းဘေးကျေးရွာများ၊ ကျေးရွာသူ/သားများပုံရိပ်ကျဆင်းစေခြင်း၊ ဘုရားဖူးလာခရီးသွားကားများကိုလည်း ကားပေါ်မှပိုက်ဆံကြဲချခြင်းများ မပြုလုပ်ကြရန်လည်း ခရီးသွားကားများအား တားဆီးရပ်တန့်စေကာ ပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း ဗျတ္တပန်းဆက်လမ်းတစ်လျှောက် တောင်းရမ်းမှုပပျောက်ရေး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း