မဟာအောင်မြေမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်၊ အမှတ် (၁၄) အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲကို အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဦး‌ဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ စာပေနှင့်နီးစပ်မှုရှိစေရန်၊ စာအုပ်၊ စာပေဖတ်ရှုသည် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေ၊ဗဟုသုတပေါကြွယ်ဝမှ လူဘောင်အဖွဲ့အစည်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီးနိုင်ငံဂုဏ်၊ လူမျိုးဂုဏ်ကို မြင့်မားအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီးနောက် မဟာအောင်မြေမြို့နယ် အားကစားမှူးဦးရှီးမွန်က လူငယ်များ၏ အနာဂတ် ရည်မှန်းချက်များ ကောင်မွန်စေရေး၊ ကျန်မာရေး၊ ပညာရေး၊ စီးပွားရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ရေး၊ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလငါးတန်နှင့် ပြည့်စုံပြီး တိုင်းပြည်၏ အခန်း ကဏ္ဍများကို ပုခုံးပြောင်း တာဝန်ယူထမ်းဆောင်မည့် လူငယ်များ၏ စွမ်းဆောင်ရည် ၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် နိုင်ငံ့သားကောင်း လူရည်ချွန်များ ပေါ်ထွက်လာစေရေး စသည့်အကြောင်းအရာများအားဟောပြောခဲ့ပြီး အားကစားမှူးဦးရှီးမွန်က ကျောင်းအုပ် ဆရာကြီးထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များ၊ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှု့လေ့လာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖြန့်‌ဝေသောလက်ကမ်းစာစောင်များလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာကြီး ဦး‌ဇော်နိုင်ဦးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း

ကလောင်အမည် (ရွှေတိုး)