စစ်ကိုင်း ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/ ၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကို ဩဂုတ် (၂၃) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကွန်ပျူတာ (၅) လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဌာနမှကွန်ပျူတာများပေါင်းစပ်ပြီး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဌာနပေါင်းစုံမှတက်ရောက်လာကြတဲ့ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်ကြားပြသပေးတဲ့ ပညာရပ်တွေကို စိတ်ဝင်စားစွာလေ့လာမှတ်သားပြီး မိမိတို့သိရှိထားသည့် ပညာရပ်များနှင့်ပေါင်းစပ်ကာ ဆက်လက်လေ့လာသင်ယူသွားကြပါ စေတနာ့ဆရာများက အခမဲ့သင်ကြားပေးရာတွင် သင်တန်းစည်းကမ်းများလိုက်နာပြီး မိမိတို့ဘဝအတွက် တန်ဖိုးရှိစွာအသုံးပြုနိုင်အောင် လေ့လာသင်ယူသွားကြပါလို့ ဆွေးနွေးပြောကြားကာ သင်တန်းနည်းပြဆရာက သင်ကြားပို့ချပေးသွားမည့်ပညာရပ်များကို မိတ်ဆက်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို (၁) လကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း သား/ သင်တန်းသူ (၂၂) ဦး တက်ရောက်ကြကာ နေ့စဉ် ညနေ(၄)နာရီမှ(၅)နာရီခွဲအထိ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)