ရပ်စောက် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မွေးမြူရေးတိရိစ္ဆာန်များတွင် ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင် ရေးအတွက် တိရိစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်ဆောင်ရွက်မှုအဖြစ် ဩဂုတ် ၂၂ နေ့နံနက် ၈ နာရီက ရပ်စောက်မြို့စည်ပင်သာယာဈေးနှင့် သားသတ်ရုံများသို့ ကွင်းဆင်း၍ လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်အတူ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါင်းစပ်၍ ရပ်စောက်မြို့မဈေးကြီးအတွင်းရှိ အသားရောင်းချနေသောဆိုင်များအား အများပြည်သူစားသုံးရန် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ အသားမျက်မြင်စစ်ဆေးခြင်း၊ (နွား၊ ဝက်၊ ဆိတ်) သားသတ်ရုံများအား ဇီဝလုံခြုံမှုမြှင့်တင်နိုင်ရေးအတွက် မွေးမြူရေးခြံဖြန်း ပိုးသတ်ဆေးများ ပက်ဖြန်းပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ် ၁၅ ရက်မှ ၃၁ ရက်အထိ တိရိစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြည်သူလူထု အသိပညာပေး ဟောပြောခြင်းနှင့်အတူ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ တိရိစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်း၊ အင်းဆက်ပိုးမွှားများအား နှိမ်နှင်းရေးအတွက် မီးခိုးမှိုင်းတိုက်ခြင်း၊ မက်၊ ခြင်၊ ယင်များခိုအောင်းနိုင်သည့် ရေမြောင်း၊ ရေအိုင်၊ ခြုံနွယ်များအား ရှင်းလင်းဆောင်ရွက်ခြင်း၊ ခြံဖျန်းပိုးသတ်ဆေးများပက်ဖျန်းခြင်း၊ ဇီဝလုံခြုံမှုလုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် မွေးမြူရေးခြံများ၊ သားသတ်ရုံများအား ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းများကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)