သတင်းများ

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူး တည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြား
Aug 24,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့ရုံးများရှိ ဝန်ထမ်းများအနေဖြင့် အသိပညာပေး Talk Show များ ရိုက်ကူးလွှင့်တင် ဆောင်ရွက်ရာတွင် စနစ်တကျရိုက်ကူး တည်းဖြတ်တတ်ရန်နှင့် သက်ဆိုင်ရာ Talk Show အကြောင်းအရာနှင့် စပ်လျဉ်းသည့် ဗီဒီယိုများအား ရှာဖွေပေါင်းစပ်ကာ အရည်အသွေးရှိသော အသိပညာပေးရုပ်သံ ဗီဒီယိုများအား တီထွင်ဖန်တီးမှုရှိစွာဖြင့် တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူးတည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကျန်းမာရေး သီတင်းပတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ပန်းချီပြိုင်ပွဲကို ဩဂုတ် ၂၂ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။
နမ့်ခမ်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 24,2023
တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 24,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှု  ရက်သတ္တပတ်အနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ်လ ၁၅ရက် နေ့မှ ၃၀ရက်နေ့ထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၊ ရေပူနှင့် ကျောက်လုံးကြီး မွေးမြူရေးဇုန်များတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ရေယာဥ်လုပ်သားများအား အသက်ကယ်အင်္ကျီဝတ်ဆင်ပုံနှင့် ဘောကွင်းဖြင့် အသက်ကယ်တင်ခြင်းများ သရုပ်ပြသဆောင်ရွက်
Aug 24,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ငါးဖမ်းရေယာဥ်လုပ်သားများနှင့် ရေကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်တတ်စေရန်နှင့် အသက်ကယ်ဘောကွင်း ရေထဲပစ်ချ အသက်ကယ်တင်နိုင်ရန် သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မျှော်တော်ဦးကျေးရွာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ငါးဖမ်းစက်လှေများတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဆင်းပွဲကျင်းပ
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုမှ ခေတ်မီစံပြကျေးရွာရှိ ပြည်သူများဝင်ငွေတိုးလာစေရေး ဆောင်ရွက်မည့်စီမံကိန်းကို စစ်ကိုင်းမြို့နယ် ဆင်တပ်ခေတ်မီစံပြကျေးရွာတွင် အခြေခံစက်ချုပ်သင် တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်သည်။
မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးမည့် သီးနှံစိုက်ဧကများ လျာထားချက်ပြည့်မီရေးနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Aug 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်တွင် သီးထပ်၊ သီးညှပ်တိုးချဲ့တိုးတက်စိုက်ပျိုးနိုင်ရေး၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါသီးနှံစိုက်ဧက ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တောင်သူအသိပညာပေး‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လင်းကယ်တိုက်နယ်၊ ညောင်ဝိုင်းတိုက်နယ်၊ မြို့မတိုက်နယ်၊ ရေနံမတိုက်နယ်၊ ရှမ်းတပ်တိုက်နယ်နှင့် လက်ပံတံခါးတိုက်နယ်များသို့ ကွင်းဆင်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ရပ်ကွက်ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးခဲ့သည်။