သတင်းများ

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ) ၌ လူငယ်စကားဝိုင်းကျင်းပ
Aug 25,2023
လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေး၊ လူအများနှင့် ဆွေးနွေးပြောဆိုမှုပြုတတ်စေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း(အလုံ) ရွှေလုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်၅နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Aug 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်၅နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာနှင့် အမှတ်(၁၂၅)ရပ်ကွက်၊ လေးထောင့်ကန်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်
Aug 25,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း တတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက် (၉)နာရီအချိန်က ကညှော်ကျေးရွာခန်းမတွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ် စီမံခြင်း အခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Aug 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာ၊ အမှတ်(၁၂၅)ရပ်ကွက်နှင့်၊ လေးထောင့်ကန်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ စစ်​ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Aug 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ စဥ်ဆက်မပြတ်​​ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၉) နာရီက ရေကန်ချောင်ကျေးရွာအုပ်စု၊ ရေကန်ချောင်ကျေးရွာ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတော်ကြီးနှင့် မွန်းလွဲ(၁)နာရီတွင် တိုး(စံပြ)ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
Aug 25,2023
ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၈/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်
Aug 25,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း တတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက် (၉)နာရီအချိန်က ကညှော်ကျေးရွာခန်းမတွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ် စီမံခြင်း အခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ပေါင်မြို့နယ်၌(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 25,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။