ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူး တည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြား

ပြင်ဦးလွင် ဩဂုတ် ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့ရုံးများရှိ ဝန်ထမ်းများအနေဖြင့်  အသိပညာပေး Talk Show များ ရိုက်ကူးလွှင့်တင် ဆောင်ရွက်ရာတွင် စနစ်တကျရိုက်ကူး တည်းဖြတ်တတ်ရန်နှင့် သက်ဆိုင်ရာ Talk Show အကြောင်းအရာနှင့် စပ်လျဉ်းသည့် ဗီဒီယိုများအား ရှာဖွေပေါင်းစပ်ကာ အရည်အသွေးရှိသော အသိပညာပေးရုပ်သံ ဗီဒီယိုများအား တီထွင်ဖန်တီးမှုရှိစွာဖြင့် တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူးတည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ  သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေးဗီဒီယိုများ ရိုက်ကူးတည်းဖြတ်ခြင်းပြုလုပ်ရာတွင် ကြိုတင် ဖြည့်ဆည်းထားရန် လိုအပ်သည့်အရာများနှင့် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ Software များအကြောင်း၊ ရိုက်ကူးခြင်းနှင့် တည်းဖြတ်ခြင်းပြုလုပ်ရာတွင် လွယ်ကူစေမည့် နည်းလမ်း များအား PowerPoint Video နမူနာပုံစံများနှင့်တကွ ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း  သိရသည်။

အဆိုပါသင်တန်းတွင် ပြင်ဦးလွင်ခရိုင် ကြီးကြပ်မှုအောက်ရှိ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့ရုံးတို့မှ မြို့နယ်ဦးစီးမှူးများနှင့်  ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ၊ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း စိတ်ပါဝင်စားသူ ဝန်ထမ်းစုစုပေါင်း (၁၁) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ရက်ကြာ Zoom Virtual System ဖြင့် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။  

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)