သတင်းများ

ဧရာဝတီမြစ်ရေမြင့်တက်သဖြင့် ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအတွင်း မြစ်ရေများစတင်ဝင်ရောက်
Aug 24,2023
ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအတွင်းရှိ လူနေအိမ်များအတွင်း ယမန်နေ့ကစ၍ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်
Aug 24,2023
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ် ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ
Aug 24,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးအောင်ဖုန်းမြင့်နှင့် ဗိုလ်မှူးကြီးမြင့်ဝေတို့သည် မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ယနေ့နံနက်(၁၀)နာရီကရောက်ရှိကာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ဆစ်ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရန် အသိပညာပေးဟောပြော
Aug 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ဆစ်ပိုး(Stem Borer)ကျရောက်မှု ကြိုတင်ကာကွယ်ရန်အတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ကျေးရွာများတွင် အသိပညာပေးလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်သည်။
ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ကျိုက်လတ်၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ(၄)နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ် တည်ဆောက်ရေးစီမံကိန်း ဧရိယာများအတွင်းပါဝင်သော မြေဧရိယာများအတွက် မြေယာလျော်ကြေးငွေများပေးအပ်
Aug 24,2023
မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဧရိယာအတွင်း ပါဝင်သော မြေဧရိယာများအတွက် လျော်ကြေးငွေများကို ယမန်နေ့က မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ မြေပိုင်ရှင်ျား၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တွင် ကျင်းပသည်။