သတင်းများ

မိုးကုတ်မြို့နယ်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 25,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပ​သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူ​မှောင်ခို/လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်၊ အ.ထ.က (၃)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 25,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဂန့်ဂေါ)ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ခရိုင်အဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်းပျက်စီးသွားသော မြစိန်ရောင်စေတီ ထီးတောင်တင်လှူ
Aug 25,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်း ပျက်စီးသွားသော စည်ကား‌တောင်‌ တောင်ပေါ်ရှိ မြစိန်ရောင်စေတီတော်မြတ်အား ထီးတော်တင်လှူပွဲကိုယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
လှည်းကူးမြို့နယ် ကြို့ကုန်းရာဘာခြံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေ (ပထမ) နှစ်စက်ဝန်း အတွက် ငွေကျပ် (၂၉၄) သိန်းထုတ်ချေး
Aug 25,2023
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အလုပ် အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်ရည်ရွယ်၍၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ (ပထမ)နှစ်စက်ဝန်း အတွက်ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဟိုင်းကူးကျေးရွာအုပ်စု၊ ကြို့ကုန်းရာဘာခြံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ခရိုင်အဆင့်ရှင်းလင်းပွဲ ကျင်းပ
Aug 25,2023
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဘားအံမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 25,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်နေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံ မြို့နယ်၊အ-ထ-က(တရုပ်လှ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ညောင်ရွှေမြို့နယ်အတွင်း အင်းလေးဒေသ နန်းဟူးကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 25,2023
အင်းလေးကန်အတွင်း တွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခြင်းကို ဩဂုတ်(၂၄)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နန်းဟူးကျေးရွာ ဗုဒ္ဓသာသနာထိန်ထိန် လင်းကျောင်းဆောင်၌ ပြုလုပ်ခဲ့သည်။