ကျောင်းကျန်းမာရေး သီတင်းပတ် ပန်းချီပြိုင်ပွဲ ကျင်းပ

ဒဂုံ သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်()အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ပန်းချီပြိုင်ပွဲကို ဩဂုတ် ၂၂ ရက်နေ့ နံနက်()နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကျောင်းကျန်းမာရေး သီတင်းပတ် ပန်းချီပြိုင်ပွဲကို ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းနိူင်က မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား ပန်းချီပြိုင်ပွဲတွင် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီပြိုင်ပွဲဝင် (၆၉)ဦးဖြင့် အသီးသီးယှဥ်ပြိုင်ခဲ့ကြပါသည်။

ထို့နောက်ပြိုင်းပွဲအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်ခဲ့ရာ Grade-3မှ မထက်ရတီလင်းက ပထမဆုကိုလည်းကောင်း၊ မနှင်းအိန္ဒြာဝေက ဒတိယဆုကိုလည်းကောင်း၊ မဖြိုးရူပါမောင်က တတိယဆုကိုလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူ ()ဦးတို့အား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားစုံညီပွဲတော်နေ့တွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ဆက်လက်၍ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိုးမိုးခိုင်(ပြန်/ဆက်)