ကံမမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးစပါး စံပြဧက (၁၀၀) အား တစ်ဧကလျှင် စပါးတင်း (၁၀၀) ထွက်ရှိရေး တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ
Aug 25,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခုနှစ် သုံးသီးစိုက် မိုးစပါး စံပြဧက (၁၀၀) အား တစ်ဧကလျှင် စပါးတင်း (၁၀၀) ထွက်ရှိရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ အဖွဲ့ဝင် (၂) ဦးမြင့်ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ကျောက်မဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်(၉)နာရီက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်း၊ ကွင်းဝန်ထမ်းများနှင့် စီမံ ကိန်းဝင်တောင်သူ (၅၀) ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။