သတင်းများ

ဟုမ္မလင်းငါးလုပ်ငန်းဦးစီးဌာနမှ  ဒုတိယအကြိမ်(၂)လက်မအရွယ် ငါးသားပေါက်များ(၈၄၄၀၀)ကောင်ရေအား ငါးမွေးမြူတောင်သူများထံသို့ပေးအပ်ပွဲကျင်းပ
Aug 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဟုမ္မလင်းငါးကန်အတွင်းသို့ ဒုတိယအကြိမ် (၂)လက်မအရွယ် ငါးသားပေါက်များ (၈၄၄၀၀)ကောင်ရေအား ငါးမွေးမြူ တောင်သူထံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊နံနက်(၁၀)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာ အုပ်စု၊ အောင်သာငြိမ်းကျေးရွာငါးလုပ်ငန်းစခန်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 25,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြော
Aug 25,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
မွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ကူးစက်ရောဂါမဖြစ်ပွားရေး ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တပိုင်တနိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 25,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက အ.ထ.က ကျိန္တလီကျောင်း ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေး ရှင်းလင်း
Aug 25,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဂန့်ဂေါခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Aug 25,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့၊ မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ပညာရေးမိသားစု ငွေစုငွေချေးသမဝါယမအသင်းလိမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 25,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးမိသားစု ငွေစုငွေချေး သမဝါယမအသင်းလိမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံ ခန်းမ၌ ကျင်းပသည်။