မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ

မက်မန်း ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်ခရိုင်၊ မက်မန်းမြိုနယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ယဉ်ကျေးလိမ္မာ၍ အသိပညာ၊ အတတ်ပညာများ ရရှိနိုင်ရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်နိုင်ရေးတို့အတွက် လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က မက်မန်း မြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပ ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က “ယနေ့ လူငယ်များအနေဖြင့် မိုဘိုင်ဖုန်း သုံးစွဲမှုတစ်ဆင့် အသိပညာ များရရှိနိုင်သလို မိုဘိုင်းဖုန်းမှတစ်ဆင့် လမ်းမှားကိုလည်း ရောက်ရှိနိုင်ပါကြောင်း၊ အချိန်ကို အကျိုးရှိ စွာ အသုံးချရမည်ဖြစ်ကြောင်း၊ လူငယ်နှင့်နည်းပညာသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လိုအပ်ပါကြောင်း၊ နည်းပညာများကို အသုံးပြု၍ နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် လိုအပ်ပါကြောင်း၊ လူငယ်များ အနေဖြင့် အတတ်ပညာများကို အစဉ်လေ့လာ၍ တီထွင်ဖန်တီးများကို ဆောင်ရွက်သင့်ပါကြောင်း၊ စာရိတ္တ၊ ကိုယ်ကျင့်သီလများ ကောင်းမွန်ရေး အတွက် လောက နီတိကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရမည် ဖြစ်ပါကြောင်း” ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် မက်မန်းမြို့ပေါ်ရှိ လူငယ်မောင်မယ် (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ပြန်/ဆက်)