လားရှိုးမြို့တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်

လားရှိုး ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာတွင် တိရစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပေးသွားမည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာကာလတွင် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)