လားရှိုးမြို့နယ်တွင် မန်နားကျေးရွာတွင် ပန်းခင်းစီမံချက်အဖြစ် ပြည်သူများအား မှတ်ပုံတင်ကွင်းဆင်းဆောင်ရွက်ပေး

လားရှိုး  ဩဂုတ် ၂၆

ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက လားရှိုးမြို့ ၊ မန်နားကျေးရွာ၊ ဟုမ်းခမ်းလီခန်းမတွင် ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို နိုင်ငံသာစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းသို့ လားရှိုးမြို့နယ်ရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းပြုလုပ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်းများ၊ အိမ်ထောင်စု လူဦးရေစာရင်းလျှောက်ထားမှု မွေးဖွား၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်းတို့ကို ဒေသခံပြည်သူများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

လားရှိုးမြို့တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိနေကြောင်း သိရသည်။

 စိုင်းထွန်း(လားရှိုး)