ကျောက်ကြီး သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကိုနေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးမင်းမြတ်ဘုန်းစီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေးသင်တန်းသွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူများ၊ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နံနက် ၉ နာရီအချိန်တွင် "အခမဲ့" ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ (၄၀၀) ဦးခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှသိရပြီး ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)