မော်လမြိုင်ကျွန်း ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သော သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရေလိန်ကျေးရွာရှိ ဧကရာဇ်ဆန်စက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့်မှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦမောင်မောင်သွင်က တစ်ဧကလျှင် (၁၀)တင်းနှုန်းထွက်ရှိရေး ဆောင်ရွက်သည့်တောင်သူများအား မြေဩဇာပေးအပ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တစ်ဧက (၁၀) တင်းထွက်ရှိရေး တောင်သူများအား မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦမောင်မောင်သွင်၊ မြို့နယ်လယ်ယာမြေစီ မံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးချစ်၊ မြို့နယ်ကျေးလတ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးကျော်ကျော်၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးဇော်လွင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်နုတို့က ယူရီးယာဓာတ်မြေဩဇာအိတ် (၁၅၀၀၀)၊ ကွန်ပေါင်းဓာတ် မြေဩဇာအိတ် (၁၅၀၀၀)ကို တောင်သူ (၂၁၀) ဦးအားပေးအပ်ခဲ့ပြီး တောင်သူများအားလုံးကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)