သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

သပိတ်ကျင်း ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး  ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ပြိုင်ပွဲများကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ အသိဉာဏ်ပညာဗဟုသုတနှင့်ပြည့်စုံသော လူတော်လူကောင်းလေးများဖြစ်လာစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပါသည်။

ထို့နောက် စာဖတ်စွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ စတင်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ (Grade-4)( Grade-5) ကျောင်းသား/ ကျောင်းသူ (၂၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေရန် ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊  ပုံပြောပြိုင်ပွဲ၊  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)