ကျောက်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကျောက်ကြီး သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် တပ်မတော်ရဟတ်ယာဥ်မှ သယ်ဆောင်လာသော အခြေခံစားသောက်ကုန်များအား ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျောက်ကြီးမြို့ပေါ်တွင် လက်ရှိနေထိုင်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စီမံမှုဖြင့် ကျောက်ကြီးမြို့ပေါ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာရုံးဝန်ထမ်း (၄၂၈) ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ ငရုပ်သီးမှုန့်၊ အာလူး၊ ငါးခြောက်၊ ငါးသေတ္တာဘူး စသည့်အခြေခံစားသောက်ကုန် အမယ် (၁၀) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်