အမ်းမြို့၌ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီများ၊ ယာဉ်လိုင်းပိုင်ရှင်များ၊ မော်တော်ယာဉ်ပိုင်ရှင်များတွေဆုံ

အမ်း ဩဂုတ် ၂၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီများ၊ ယာဉ်လိုင်းပိုင်ရှင်များ၊ မော်တော်ယာဉ်ပိုင်ရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး‌ ဆောင်ရွက်နေမှုများ၊ အဝေးပြေးကားကြီးကွင်းအား အချက်အခြာကျသည့်နေရာတွင် အဆင့်မြှင်တင်ဆောင်ရွက်နိုင်ရန်၊ မော်တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ကောက်ခံရရှိသည့် ရန်ပုံငွေများကို စနစ်တကျထိန်းသိမ်း၍ အကျိုးရှိရှိသုံးစွဲပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။

ထို့နောက် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲ‌ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းချိုက မြို့နယ်အတွင်း မော်တော်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲနေမှု အခြေအနေ၊ မော်တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ထားရှိမှု၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ကောက်ခံရရှိမှုအခြေအနေ၊ကောက်ခံရရှိသည့် ရန်ပုံငွေများကို စနစ်တကျထိန်းသိမ်း သုံးစွဲထားရှိမှု၊ မော်တော်ယာဉ်များ ပဲပဒုံတံတားတွင် ဖြတ်ကျော်နေမှုအ‌ခြေအနေ၊ ကုန်ပစ္စည်းများ ထိမ်းသိမ်းထားရှိမှုနှင့် အဝေးပြေးကားကြီးကွင်းသို့ မော်တော်ယာဉ်လိုင်းများ ဝင်ထွက်ပြေးဆွဲနေမှု အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်တော်ယာဉ်လိုင်းများ ဝင်ထွက် ပြေးဆွဲနေမှုအား စည်းကမ်းလိုက်နာမှုရှိစေရေး၊ မော်တော်ယာဉ်လိုင်းများအား စနစ်တကျထိန်း သိမ်းဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ဒေသခံပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်လိုင်းများတွင် မှုးယစ်ဆေးဝါးများ စစ်ဆေးတွေ့ရှိမှု အခြေအနေ၊ မော်တော်ယာဉ် လိုင်းပိုင်ရှင်များနှင့် ယာဉ်လိုင်းပိုင်ရှင်များက မှုးယစ်ဆေးဝါးများ တင်ဆောင်မှုမရှိစေရေး အလေးထားဝိုင်းဝန်း ထိမ်းသိမ်းဆောင်ရွက်သွားကြရန်၊   မော်တော်ယာဉ်လိုင်းများကို မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် ယာဉ်လိုင်းပိုင်ရှင်များက ဝိုင်းဝန်းပူးပေါင်းကာ စနစ်တကျ ပြေးဆွဲဆောင်ရွက်ကြရန်၊ မော်တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများတွင် ညီညီညွတ်ညွတ်ပူး ပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် ယာဉ်ပိုင်ရှင်များက ကားကြီးကွင်းအတွင်းသို့ ဝင်ထွက်ပြေးဆွဲနေမှုမရှိသည့် မော်တော်ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းလိုက်နာမှုရှိပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးတင်ပြခဲ့ကြသည်။

အမ်းမြို့နယ်အတွင်း ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က မော်တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကမော်တော်ယာဉ်များပြေးဆွဲရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ အဝေးပြေးကားကြီးကွင်းအတွင်း စနစ်တကျပြေးဆွဲရေး၊ အဝေးပြေးကားကြီးကွင်းသို့ ဝင်ထွက်ပြေးဆွဲနေမှုမရှိသည့် မော်တော်ယာဉ်လိုင်းများ  မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်သွားရန်၊ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်၊ ကုန်တင်ကားများအနေဖြင့် ကုန်ပစ္စည်းများချိန်းခြင်း ကဲ့ခြင်းများကို သတ်မှတ်နေရာများတွင် စည်းကမ်းရှိရှိ ဆောင်ရွက်ကြရန်၊ ကုန်ပစ္စည်းများ ထိမ်းသိမ်းခြင်းနှင့် ချောစာများပေးပို့ခြင်းအား အလေးထားဆောင်ရွက်ကြရန်၊ အဝေးပြေးကားကြီးကွင်းအတွင်းသို့ မဝင်သည့် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ မော်တော်ယာဉ်များအား ယာဉ်လမ်းစည်းကမ်း အသိပညာပေးခြင်းအား အမှတ် (၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမ်းယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်နှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ကောက်ခံရရှိသည့် ရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းသုံးစွဲပြီး  ပွင့်လင်းမြင်သာစွာဖြင့် စည်းကမ်းရှိရှိ ပူးပေါင်းဆောင်ရွက်ရန်၊ သံသယဖြစ်ဖွယ်ပစ္စည်းများအား တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား သတင်းပေးပို့ဆောင်ရွက်ကြရန်၊ အဝေးပြေးကားကြီးကွင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ မော်တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများတွင် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဆွေးနွေးတင်ပြလာမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

စိုးမင်းထွန်း