စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

ကလေး ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကလေးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့‌နောက် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ကလေးခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်‌နေမှု အခြေနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ ထပ်မံဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ငွေကျပ်(၁၀)သိန်း၊ ကလေးခရိုင်အဆင့်ဝန်ထမ်းများကို ငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်အဆင့်ဝန်ထမ်းများကို ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်ရာ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ ဝန်ထမ်းများကိုယ်စား လက်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)