ကျောက်တော် ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြည်တော်သာရပ်ကွက် ဥတ္တမ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင် ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များ စနစ်တကျ ဝတ်ဆင် အသုံးပြုတတ် စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ ကျောင်းသူများအား (Life Jacket) များ လက်တွေ့ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဒုမီးသတ်ဦးစီးမှူးက ယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် Life Jacket စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)