သာပေါင်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူများအား Second Dose ၊ အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ Second booster ၊ အသက်(၁၈)နှစ် အထက် ပြည်သူများ၊ နိုင်ငံဝန်ထမ်းနှင့် မိသားစုမျအား First booster ၊ Second booster ၊ Third booster (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ကြည့်ရှုအားပေး ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူ Second dose (၅၅)ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ First booster (၁၅)ဦး၊ Second booster(၁၂)ဦး၊ Third booster(၃)ဦး၊ နိုင်ငံဝန်ထမ်းနှင့် မိသားစုများ First booster (၂)ဦး၊ Second booster (၂)ဦး၊ Third booster (၁)ဦး ပေါင်း(၉၀)ဦးတို့ကို (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူကလေး များအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်