နတ်မောက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၅)နှစ်အောက် ကလေးငယ်များအား သံဓာတ်အားတိုးဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
မြို့ပေါ်ရပ်ကွက်အတွင်းရှိ (၅)နှစ်အောက်ကလေးငယ်များ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သွေးအားနည်းတာဖြစ်စေခြင်း၊ ဖြူဖပ်ဖြူရော်ခြင်း၊ လန်းဆန်းမှုမရှိခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် ရင်တုန်ခြင်းများ ဖြစ်ပွားမှုမရှိစေရန် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ သံဓာတ်အားတိုးဆေးများ တိုက်ကျွေးခြင်းဖြစ်ပါကြောင်း၊ သံဓာတ်ချို့တဲ့မှုမရှိစေရန် မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်ကစပြီး နို့တိုက်မိခင်အထိ သံဓာတ်ကြွယ်ဝသော အစားအစာ စားပေး၍ သံဓာတ်သော ဆေးများ တွဲသောက်ရန် လိုအပ်ပါကြောင်း၊ မိခင်နို့ (၆)လတာ တိုက်ကျွေးပြီးနောက်ပိုင်းတွင် သံဓာတ်ပါသော ဖြည့်စွက်စာနှင့် အားဆေးများကို (၅)နှစ်အထိ တိုက်ကျွေးရန် လိုအပ်ပါကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သံဓာတ်ကြွယ်ဝသော အစိမ်းရောင်ရှိသော အသီးအရွက်များနှင့် အနီရောင်ရှိသော အသားစားပေးရန်နှင့် ကလေးငယ်များအား သံဓာတ်ပါသော အားဖြည့်ဆန် ချက်ကျွေးနိုင်ပါကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ခင်စန်းတင့်က အသိပညာပေးဟောပြော၍ ကလေးငယ်များအား ကိုယ်အလေးချိန်ခြင်းနှင့် သံဓာတ် အားတိုးဆေးများအား ဆရာမများက တိုက်ကျွေးခဲ့ကြောင်း သိရသည်။
လှဝင်း