၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် ထောက်ပံ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၂၄)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် များအတွက် ထောက်ပံ့သည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ် စုပေါင်းရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အမှာစကား ပြောကြား ပြီး ပုသိမ်မြို့နယ် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးငွေစိုးနှင့် အဖွဲ့အား ထောက်ပံငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (၂၄)ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ အတွက် ထောက်ပံ့သည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)