သတင်းများ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင်ကျင်းပ
Aug 30,2023
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ မဟာရွှေဂုဏ်ထူးကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် U12/U15 (ဖူဆယ်) ဘောလုံးအားကစား ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အားကစားနှင့်ကာယပညာရေးဦးစီးဌာနမှ ကျင်းပသော မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား U12/U15 (ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ လာရောက်အားပေးခဲ့သည်။
တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် GIS နည်းပညာဖြင့် သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်း
Aug 30,2023
၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် GIS နည်းပညာကို အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်‌ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား သဘာ၀ရေပြင်အတွင်း ရေချိုငါးသားပေါက် အကောင်ရေ သုံးသိန်းစိုက်ထည့်
Aug 30,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးသယံဇာတများ မပြုန်းတီးစေရေးနှင့် ဒေသအတွင်း ဖူလုံစွာစားသောက်နိုင်ရေးအတွက် မေယုမြစ်ဖျား သဘာ၀ရေပြင်အတွင်း ရေချိုငါးသားပေါက်များ စိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် စက်လှေဆိပ်ကမ်းအနီး တွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ နယ်မြေခံ အခြေချ စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်၀င်းနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၊ ​မြို့ကုန်းကျေးရွာတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Aug 29,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ အသေးစား အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ မြို့ကုန်းကျေးရွာတွင် ကျင်းပသည်။
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အလုပ်ရုံဆွေးနွေးပွဲ(မြေယာ) ကျင်းပ
Aug 29,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အလုပ်ရုံးဆွေးနွေးပွဲ(မြေယာ)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Aug 29,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစား ထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း (Bakery) ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ မြို့ကုန်းကျေးရွာတွင် ကျင်းပသည်။
မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပ
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊  စာဖတ်ရှိန်မြင့်မားစေရေးနှင့် ရဲဝံ့ထက်မြက်လာစေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။