ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကျင်းပ

ပန်းတောင်း သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သူရဲတန်း)၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လက်ထောက်ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ဆရာမြင့်ဌေး-SB(ရွှေပင်မြေ)မှ "လှပသောနှလုံးသား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာအောင်မြင့်ကျော်(ပန်းတောင်း)မှ"ဘဝထဲကအချိန်"ခေါင်းစဉ်ဖြင့်လည်းကောင်း သုတရသစာပေအကြောင်းအရာများ ဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းကာ လက်ထောက်ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြား၍​အခမ်းအနားကို ညနေ(၃)နာရီအချိန်၌ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)