ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကိုမျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်းအထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ်()ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန်(Information)၊ ပညာပေး စည်းရုံးလှုံ့ဆော်ရန်(Education)၊ ဖျော်ဖြေပေးရန်(Entertainment)၊နှင့် လုပ်ငန်းတာဝန် (၁၀)ရပ်တွင်ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါဦးစီးဌာနမှ အထက်ပါလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ၌ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးနှင့် အထွေထွေဗဟုသုတများ တိုးပွားလာစေရေးအတွက် စာဖတ်ဝိုင်းများပြုလုပ်ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community  ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းစာဖတ်ဝိုင်းတွင် စာရေးဆရာအောင်သင်း ရေးသားထုတ်ဝေသည့် မရေးရဲကြသူများ ခေါင်းစဉ်ပါစာစာအုပ်မှ ဆောင်းပါးများဖြစ်သည့် အကျင့်ဆိုး၊ သိက္ခာရှင်ကလေးတွေ၊ နိုင်ငံတော်ကလေး၊ မရေးရဲကြသူများ၊ စသည့်ခေါင်းစဉ်ပါဆောင်းပါးများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလိုက် အလှည့်ကျ ဖတ်ကြားပြီး အဆိုပါစာရေးသူ ရေးသားထုတ်ဝေသည့် စာအုပ်မှ ဆောင်းပါးပါအကြောင်းအရာများအား အဖွဲ့ဝင်များမှ မိမိတို့၏တွေးခေါ် ထင်မြင်ယူဆချက်များအား ၎င်းတို့အချင်းချင်း ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)