လယ်ဝေး စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေး ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ အင်းသာ စုပေါင်းစစ်ဆေး ရေးဂိတ်ဟောင်းနေရာတွင် လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဒေါ်အိဖြိုးဟန်နှင့် ဝန်ထမ်းများ၊ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲအုပ်ကောင်းမြတ်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ငြိမ်းချမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လမ်းဦးစီး ဌာနမှ ဦးဇေယျာထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်တာဝန်ခံ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တို့ပါဝင် သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်ကြီး ၆၈ စီး၊ မော်တော်ယာဉ်ငယ် ၄၃ စီး၊ မော်တော် ဆိုင်ကယ် ၁၂၄ စီးတို့အား Quick Win အစီအမံ (၅)ရပ်အပါအဝင် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု ရှိ/မရှိ ရှောင်ခင်စစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူ ၈ ဦးအား စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)