ဝေါ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီတွင် အရှေ့ဘက်ကမ်းရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ အတွင်း သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့်ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ကြွေးခြင်း ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေး မထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ တစ်နှစ်ခွဲ အောက်ကလေးငယ်များ နီးစပ်ရာကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) နှင့်၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး များ ထိုးနှံပေးပြီး၊ မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲများတွင် စက်တင်ဘာလအတွင်း စတင်ထိုးနှံပေးသွားရန် စီစဉ်ထားရှိကြောင်းနှင့် ထိုးနှံပေးမည့် အစီအစဉ်များကို ရပ်ကွက်နှင့်ကျေးရွာဆေးထိုးစုရပ်များတွင် လစဥ်ပုံမှန်ကာကွယ်ဆေးများ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)