ဓနုဖြူ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးများအသင်း (Women Club) နှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသော "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်နဲ့အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ထဲမှ အလှအပဆိုတာခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် (Women Club) အသင်းဥက္ကဋ္ဌ ဒေါ်တင်တင်အေးက အမြင်တွေနဲ့ တည်ဆောက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး (Women Club) အသင်းဝင်များ ဖြစ်သော ဒေါ်မြင့်မြင့်ကျော်က အသုံးချခြင်းနှင့် နှလုံးလှခြင်း ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်ခင်ဝင်းက လူငယ်နှင့် စူးစမ်းလေ့လာမှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ချိုချိုစန်းက လူငယ်နှင့် အမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဝင်းဌေးက လူငယ်နှင့်မေတ္တာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်အိဖြူသိန်းက မုန်လာဥဝါ၊ ကြက်ဥနဲ့ ကော်ဖီနဲ့ဘဝအမြင် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ရီရီမြင့်က မှား မှာကို မကြောက်နဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း စာအုပ်ပါ အကြောင်းအရာများကို အသီးသီးသုံးသပ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက သိရှိလိုသည်များအား မေးမြန်းကြရာ အသီးသီး ပြန်လည်ဆွေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇာ်(ပြန်/ဆက်)