မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ
Sep 13,2023
ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၂)ရပ်ကွက်၊ ၁၀၇ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ MIIT ကျောင်းရှေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ ပူးပေါင်း၍ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၆:၀၀မှ နေ့လယ် ၁၁:၀၀ နာရီချိန်အထိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။