စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်သော ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ခန္တီးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ခရိုင်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်အောင် ဆောင်ရွက်နေမှုများ၊ စားရေရိက္ခာပေါများရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် ခန္တီးခရိုင်အတွင်း ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီးရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ်-၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများအတွက် ငွေကျပ်-၁၀ သိန်းအားလည်း-၂-ကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ်-၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဝန်ထမ်းများအတွက် ဟင်းသီး၊ ဟင်းရွက်မျိုးစေ့များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ အစိုးရစက်မှု လက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ ကျောင်းအုပ်ကြီး ဒေါက်တာ ဥမ္မာဝင်းက ကျောင်း၏ သင်ကြားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးမှူးမှ လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြဆွေးနွေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန် ရှိသူများက ကျောင်း၏လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ်-၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါကျောင်းဝန်းအတွင်း  တည်ဆောက်လျက်ရှိသည့် အလျား - ၁၃၀ ပေ၊ အနံ-၃၀ ပေ၊ RC ၃ ထပ် ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ သာယာကုန်းကျေးရွာရှိ ဦးငြိမ်းအောင်သူ၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိကြရာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခရိုင် ဦးစီးမှူးက ဥစားကြက်မွေးမြူထားရှိမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဥစားကြက် ကောင်ရေ (၁၀၀၀) မွေးမြူထားရှိများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။