မော်လမြိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် စက်တင်ဘာ 


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များသိရှိ လာစေရန်နှင့် ကလေးသူငယ်ဆိုင်ရာ မှုခင်းများကျဆင်း စေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ ကလူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များက မေးမြန်းဆွေးနွေးပြီး ကလေးသူငယ် အခွင့်အရေးနှင့် သက်ဆိုင်သည့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)