ကျိုင်းတုံမြို့ အခြခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃)၌ လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃)တွင် ကျင်းပသည်။ ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဆမ်တစ် နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးန္ဒာနိုင် တို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင် က ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ကြရာမှ အတွေအကြုံအသစ်များရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။