ကျိုင်းတုံ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃)တွင် ကျင်းပသည်။ ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဆမ်တစ် နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးန္ဒာနိုင် တို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင် က ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ကြရာမှ အတွေအကြုံအသစ်များရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
လူငယ်စကားဝိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် အထက်တန်းပြဆရာမ ဒေါ်မြမြဝင်း တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကြပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃)မှ ကျောင်းသား၊ ကျောင်းသူလေးများက “လူငယ်နှင့်တာဝန်သိမှု”၊ “လူငယ်နှင့် ကျန်းမာရေး”၊ “လူငယ်နှင့်အားကစား”၊ “လူငယ်နှင့်ပညာရေး”၊ “လူငယ်နှင့်စာရိတ္တ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်း တက်ရောက်လာကြသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း အသင်းဝင်များက ဖြည့်စွက်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)