သတင်းများ

ကော့သောင်းမြို့တွင် စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက်ပိုင်းက စားသုံးဆီတစ်ပိဿာလျှင် (၄၆၅၀)ကျပ်ဖြင့် ပိဿာ(၅၅၀)ကို ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက် စံပယ် လမ်းနေပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌ ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကျုံပျော်မြို့တွင် ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ
Sep 05,2023
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ တေဇရပ်ကွက် အခွန်လွတ်ဈေး၌ စက်တင်ဘာ ၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းနှင့် အမျိုးသမီးစက်ချုပ်သင်တန်း ဖွင့်လှစ်
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီးများ ဝင်ငွေတိုးပွားရေး(အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ကျောက်ဖြူပညာ‌ရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် အခမ်းအနားဖွင့်ပွဲပြုလုပ်
Sep 05,2023
ပညာ‌ရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချပေးခဲ့သည်။
ရမ်းဗြဲမြို့၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က ရွှေတုံးကျောင်း၌ ပြုလုပ်ခဲ့သည်။
ကျောက်တော်မြို့၌လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေပြီး စဉ်းစားတွေး ခေါ်မှုစွမ်းရည်များမြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁၁ နာရီက သရက်တပင်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။