တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးစီးကျင်းပသည့် ဒေသအကျိုးပြုသုတေသနတိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးစီးကျင်းပသည့် ဒေသအကျိုးပြုသုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင် ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။