ဘိုကလေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်လှုပ်ရှားမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Sep 04,2023
လူငယ်သီတင်းပတ်လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယနေ့စက်တင်ဘာ(၄)ရက်မှ စက်တင်ဘာ(၈)ရက်အထိ သတ်မှတ်ထားရှိပြီး ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်လှုပ်ရှားမှုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်မုခ်ဦးတွင် ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ပညာရေးမှူး၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/မများဝန်းရံကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။