သတင်းများ

ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Sep 05,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ် (၂၉) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week)လူငယ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား တက်ရောက်
Sep 05,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ်(Youth Week)လူငယ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး
Sep 05,2023
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် စားသုံးဆီများကို သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးရှေ့၌ ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
ဘားအံပညာရေးဒီဂရီကောလိပ်နှင့် ဘားအံတက္ကသိုလ်တို့တွင် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားများကျင်းပ
Sep 05,2023
ဘားအံပညာရေးဒီဂရီကောလိပ်ရှိ လူငယ်ဆရာ၊ဆရာမလောင်းများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးသည်ထက်ပိုမိုဖွံ့ဖြိုးပြီး လူငယ်များ၏ စိတ်ဓာတ်ခွန်အားများရရှိကြရန်နှင့် ပျော်ရွှင်တက်ကြွစွာပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးကြစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
သနပ်ပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲ အချိန်က မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်
Sep 05,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် (၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)အောက်ကလေးများအား တစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၅၀၀၀)ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက်(၃)လစာထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ‌လွယ်ဆိုင်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ တာဝန်ရှိသူများလက်ဝယ်သို့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စတင်ထုတ်ပေးခဲ့ကြောင်းသိရသည်။
တနင်္သာရီမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယာဉ်မောင်းမွမ်းမံသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးခန်းအတွင်း ယမန်နေ့နံနက် ၉ နာရီအချိန်က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအား မော်တော်ယာဉ် ယာဉ်မောင်းသင်တန်း အမှတ်စဉ် (၄/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်(လဝက)ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိ ဒေါ်ချိုချိုခန့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောင်းငယ်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးအေးနိုင်၊ ဒုတပ်ခွဲမှူးခင်မောင်မြင့်နှင့် သင်တန်းသားများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြသည်။
ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ခေါင်းဆောင်သောအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။