သတင်းများ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ်ပွဲတော်ကျင်းပ
Sep 05,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူငယ်သီတင်းပတ်ပွဲတော်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။
ကော့သောင်းမြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီး
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အေးရိပ်ငြိမ်ရပ်ကွက်တွင် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျရာ အိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre စာပေချစ်မြတ်နိုးသူ Club အသင်းများပူးပေါင်း၍ တာဝန်သိစိတ် တာဝန်ယူစိတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Club အသင်းများ ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “တာဝန်သိစိတ်တာဝန်ယူစိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ နေကြာ(၅၀)ဧကသုတေသန စိုက်ကွင်းသရုပ်ပြသ
Sep 05,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့ညနေ ၅ နာရီအချိန်က ရမည်းသင်းမြို့၊ တဘက္ကာကျေးရွာအနီး၊ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ ဆင်းရွှေကြာ၂နေကြာမျိုးသန့်မျိုး စေ့ထုတ်လုပ်ခြင်း(၅၀)ဧက စိုက်ကွင်း ကြည့်ရှုစစ်ဆေးသည်။
ခရမ်းမြို့နယ် အေးရွာကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန်းနှင့်အတူဝန်ထမ်းများ၊ အေးရွာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာဘုန်းတာ်ကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက်(၉:၀၀)နာရီမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆီဆိုင်မြို့ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆီဆိုင်မြို့ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထား သည့် ချေးငွေများအား အကျိုးရှိစွာ အသုံးချမှုအပေါ် ကချင်ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 05,2023
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် ကချင် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး စာဖတ်ဝိုင်းကျင်းပ
Sep 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ပူးပေါင်း၍ စာရေးဆရာ မင်းဗထူးရေးသားသော“ ခေါင်းဆောင်နှင့် သူ၏စကား ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။