ရမည်းသင်းမြို့ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ နေကြာ(၅၀)ဧကသုတေသန စိုက်ကွင်းသရုပ်ပြသ

ရမည်းသင်း  စက်တင်ဘာ   ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့ညနေ ၅ နာရီအချိန်က ရမည်းသင်းမြို့၊ တဘက္ကာကျေးရွာအနီး၊ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ ဆင်းရွှေကြာ၂နေကြာမျိုးသန့်မျိုး စေ့ထုတ်လုပ်ခြင်း(၅၀)ဧက စိုက်ကွင်း ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကို စီပင်စိုက်ပျိုးရေးသုတေသနခြံ  တာဝန်ခံဒေါ်ခင်ပပအေးမှ ရမည်းသင်းစီပင်စိုက်ပျိုးရေး သုတေသနခြံအတွင်းဆင်းရွှေကြာ-၂ နေကြာမျိုးသန့်မျိုးစေ့ စိုက်ပျိုးထားရှိခြင်းကို စိုက်ကွင်းအတွင်းပြသရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် မျိုးကောင်းမျိုးသန့်များ ရရှိစေရေးလမ်းညွန်မှာကြားကာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းကရမည်းသင်း စီပင်စိုက်ပျိုးသုတေသနခြံအတွင်း နေကြာသီးနှံမျိုး၊ ပဲတီစိမ်းသီးနှံမျိုး၊ ဝါသီးနှံမျိုး၊ ကုလားပဲ သီးနှံမျိုး၊ ပဲစင်ငုံသီးနှံမျိုး၊ မတ်ပဲသီးနှံမျိုးစသည့် သီးနှံများသုတေသနပြုစိုက်ပျိုးထုတ်လုပ်ခြင်းတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သီးနှံမျိုးသန့်မျိုးစေ့များ အရည်အသွေး ပြည့်မီအောင်စီမံဆောင်ရွက်ရန် လမ်းညွန်မှာကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့၊ ရွှေဒါးနည်းပညာ ပြန့်ပွားရေးစင်တာဝန်း အတွင်း၂၀၂၃ခုနှစ်မိုးရာသီ ဉဇဘက်ကစ္စတန်ဝါမျိုး(၈)မျိုးယှဉ်ပြိုင် စမ်းသတ်ကွက်ကိုကြည့်ရှု စစ်ဆေးပြီး ရွှေဒါးနည်းပညာပြန့်ပွားရေးစင်တာ၌ ဝါသီးနှံနှင့်နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူတို့ဖြင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက တောင်သူများစိုက်ပျိုးသီးနှံ စိုက်ပျိုးနေမှု အခြေအနေကိုမေးမြန်းရာ တောင်သူဦးရဲမိုးမှ ဝါသီးနှံစိုက်ပျိုးမှုကို တင်ပြရာပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် မျိုးသန့်များစိုက်နိုင်စေရေး ပံ့ပိုးကူညီရန် တာဝန်ရှိများအား လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်