သတင်းများ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား သုံးခွမြို့နယ်၌ ကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများဆင်းပွဲကျင်းပ
Sep 05,2023
မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနား ပြင်ဦးလွင်မြို့တွင် ကျင်းပ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ  အသေးစားစက်မှုလက်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၄ နာရီအချိန်က ပြင်ဦးလွင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေနှင့်ပတ်သက် သည့် အကြောင်းအရာများနှင့် ချေးငွေရယူသူ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စာချုပ်ပါ စည်းကမ်းချက်များအား  အသေးစိတ် ရှင်းလင်းပြောကြားသည်။
ရွှေပြည်သာမြို့နယ်၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားကျင်းပ
Sep 05,2023
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရွှေပြည်သာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
မြိတ်မြို့တွင် မိုးစပါးစိုက်ဧက(၁၄၆၀)အတွက်  မြစိမ်းရောင်(သမဝါယမကဏ္ဍ) မှ (၁)ဧကလျှင် (၂)သိန်းနှုန်းနှင့်ညီမျှသောမတည်ငွေ(သွင်းအားစု/မျိုးစပါး) ပေးအပ်
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား မိုးစပါးစိုက်ဧက(၁၄၆၀)အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ (၁)ဧကလျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော မတည်ငွေ(သွင်းအားစု/မျိုးစပါး)ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံးတွင် ပေးအပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းမှ စျေးကွက်ဝင်အဆင်ပြေနေသည့်အတွက် တစ်နှစ်ပတ်လုံး လုပ်ကိုင်ရောင်းချလျက်ရှိ
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် အသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် တံမြက်စည်းလုပ်ငန်းမှာ စျေးကွက်ဝင်အဆင်ပြေနေသည့်အတွက် ကိုင်းတံမြက်စည်းပင်ဝယ်ယူနိုင်သည့် ကာလမဟုတ်သော်လည်း ရင်းနှီးသိုလှောင်၍ တစ်နှစ်ပတ်လုံး လုပ်ကိုင်ရောင်းချနေကြောင်း သိရသည်။
ကျောက်တန်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃)သင်တန်းဖွင့်ပွဲကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်ကျောက်တန်းမြို့နယ်  မီးသတ်ဦးစီးမှူးရုံးတွင်စက်တင်ဘာလ ၄ ရက်နေ့ညနေ ၄ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြသည်။