သတင်းများ

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 07,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
အမ်းမြို့နယ်၌ တပ်တောင်မြို့ ရပ်ကွက် (၃)ကွက်အား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်
Sep 07,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာ‌နတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ တပ်တောင်မြို့ရပ်ကွက်(၃)ကွက်အား CensusUnit ဖွဲ့စည်းခြင်း လုပ်ငန်းကို ယနေ့ ဖွဲ့စည်းဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Sep 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာအောင်သင်းရေးသားသည့် “မျိုးဆက်သစ်တိုးတက်ရစ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 07,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဇီးကုန်းမြို့နယ် နွားတဲကုန်းအုပ်စု၊ ပန်းတင်ကျေးရွာ အ.မ.က (လွန်) ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 07,2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းပျဥ်းမြိုု့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မိုင်းပျဥ်းမြို့ အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
မင်းလှမြို့ အ.မ.က(လွန်)ဇေယျဝတီကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတတ်စေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို အ.မ.က(လွန်)ဇေယျဝတီကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ဆန်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေနွေးပွဲ ကျင်းပ
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆန်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေနွေးပွဲကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။