ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ်ပွဲတော်ကျင်းပ

ရန်ကုန်   စက်တင်ဘာ ၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူငယ်သီတင်းပတ်ပွဲတော်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များသည် အဓိကစွမ်းအားစုအဖြစ်အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်မြန်မာနိုင်ငံတော်အတွက် အားထားရသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်သီတင်းပတ်ပွဲတော်တွင် မျိုးဆက်သစ်ကျောင်းသားကျောင်းသူများတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားကျောင်းသူများပေါ်ထွန်းလာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ Sea Lion CoLtd Group Chief People Officer ဒေါ်စံပယ်က Navigathing the Path to Carrer Success ခေါင်းစဉ်ဖြင့်လည်းကောင်း၊ May Kyi Foot Prodaction CEO ဦးကျော်ဇေမြင့်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးကြပြီး ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ လူငယ်သီတင်းပတ်ပွဲတော်ကို ယနေ့မှစက်တင်ဘာ(၈)ရက်နေ့အထိ ဟောပြောဆွေးနွေးပွဲများ၊ အားကစားသရုပ်ပြပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ မိတ်ဆုံစားပွဲများ ၊စာအုပ်ပြပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)