ကော့သောင်းမြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီး

ကော့သောင်း စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အေးရိပ်ငြိမ်ရပ်ကွက်တွင် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျရာ အိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ နေအိမ်သည်အေးရိပ်ငြိမ်ရပ်ကွက်၊ပေါ်ဦးလမ်း(၂)တွင် ရှိပြီး ထိုနေအိမ်ပေါ်သို့ အိမ်အနောက်ဘက်ရှိအရှည်ပေ (၂၀)အလုံးပတ်(၃)ပေရှိ အိုဟောင်းနေသော သရက်ပင်တစ်ပင် လဲကျခဲ့ရာ အိမ်နောက်ဖေးပိနေသဖြင့် ယမန်နေ့ ၁၁ နာရီခန့်က ကော့သောင်းခရိုင် /မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂+၈)ဦး အရန်တပ်ဖွဲ့ဝင်(၃)ဦးတို့မှ သွားရောက် ရှင်းလင်းခဲ့ကြကြောင်းနှင့် လူများထိခိုက်အနာတရ မရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)