ခရမ်း စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန်းနှင့်အတူဝန်ထမ်းများ၊ အေးရွာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာဘုန်းတာ်ကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက်(၉:၀၀)နာရီမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်)ခြင်းများ ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့်အချက်များနှင့် ပန်းခင်းစီမံချက်(၂)ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူတို့လိုက်နာရမည့်စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏အရေးပါပုံတို့နှင့်အတူပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့်ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံသားကတ်ပြား၏တန်ဖိုးနားလည်စေရန်နှင့် ဌာနမှ biometric လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်(၂)ဖြင့် အေးရွာကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ(၁၈၀)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း ( ခရမ်း )