သတင်းများ

ဘုတ်ပြင်းမြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကျင်းပ
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁း၀၀)နာရီက အမှတ်(၂၉)အခြေခံပညာမူလတန်း‌ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.မ.ကကျောင်း (တာလုံ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ငါးမွေးမြူရေးကန် လုပ်ငန်းချေးငွေရယူ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ဆီဆုံကျေးရွာ အုပ်စု တွင် ငါးမွေးမြူရေးကန်လုပ်ငန်းချေးငွေရယူ ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ ညနေ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲပြုလုပ်
Sep 06,2023
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲကို ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွှေဟင်္သာရပ်ကွက်၊ အ.လ.က(၃)ကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။
ကျောင်းသား၊ ကျောင်းသူများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသ
Sep 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းတွင်ပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် ဟိုတယ်များကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Sep 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ ဖွင့်လှစ်ထားရှိမှု အခြေနေများကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက Ararat နှင့် Moe ဟိုတယ်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အ.ထ.က (ခွဲ) အင်ပင်လှကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အ.ထ.က (ခွဲ) အင်ပင်လှရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။